ရန်ကုန်၊ ဖေဖော်ဝါရီ-၁၆
စိုင်းစိုင်းအကြိုက်ဆုံး ဆံပင်ပုံစံက ဘယ်ပုံစံဖြစ်မလဲ အဖြေမှန်သူကံထူးရှင်ရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်၊ညနေက Junction City Promotion Area ၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲသည် GATSBY၏Brand Ambassador နိုင်ငံကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် အား Hair Styling Products အသုံးပြုပြီး ဆံပင်ပုံစံ(၇)မျိုး ဖန်းတီးပေးထားကြောင်း၊ ယင်းဆံပင်ပုံစံ(၇)မျိုးထဲမှ စိုင်းစိုင်း အကြိုက်ဆုံး ဆံပင်ပုံစံ ခန့်မှန်းပေးရန် ၂၀၁၉ခုနှစ်၊ဇန်နဝါရီ ၃၁ ရက်အထိပြုလုပ်ခဲ့ပြီး ယနေ့ စိုင်းစိုင်းကိုယ်တိုင် မဲနှိုက်ရွေးချယ်ပေးခဲ့သည်။
ခန့်မှန်းသူများထဲမှ ပထမဆုကို ကျပ် ၁,၀၀၀,၀၀၀ နှင့် Pan Pacific Hotel တွင် လူနှစ်ဦးစာ နေ့လည်စာ Buffetစားသုံးခွင့်၊ဒုတိယဆုကို ကျပ် ၈၀၀,၀၀၀ နှင့် Pan Pacific Hotel တွင် လူနှစ်ဦးစာ နေ့လည်စာ Buffet စားသုံးခွင့်၊တတိယဆုကို ကျပ် ၅၀၀,၀၀၀ နှင့် Pan Pacific Hotel တွင် လူနစ်ဦးစာ နေ့လည်စာ Buffet စားသုံးခွင့် တို့အပြင် နှစ်သိမ့်ဆု (၁၀၀)ဦးကို GATSBY Product များ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ UK
Channel A Online Media
Sunday, February 17, 2019
The SPACE Language Academy (၂)နှစ်ပြည့် အင်္ဂလိပ်ဘာသာ ကျပန်းစကားပြောပြိုင်ပွဲနှင့် Diamond Member Card ချီးမြှင့်ပွဲကျင်းပ
ရန်ကုန်၊ ဖေဖော်ဝါရီ-၁၆
လူငယ်များ အင်္ဂလိပ်ဘာသာစကား အသုံးပြု၍ လူအများရှေ့၌ ရဲရဲဝံ့ဝံ စကားပြောဆိုနိုင်အောင် လေ့ကျင့်ပျိုးထောင်ပေးရန် ရည်သန်ပြီး The SPACE Language Academy (၂)နှစ်ပြည့် အထိမ်းအမှတ် အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲ(Impromptu talk competition) နှင့် Diamond Member Card ချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် နိုင်ငံသားဖြစ်ပြီး အသက်(၁၆)နှစ်အထက်၊အသက်(၂၅)နှစ် မပြည့်သေးသူဖြစ်ရမည်ဖြစ်ကြောင်း၊The SPACE မှ စစ်ဆေးသည့် ဘာသာစကား၊ရေးဖြေစာမေးပွဲ တို့ကို အောင်မြင်ပြီး၊ အကြိုကျပန်းစကားပြောပြိုင်ပွဲ(Preliminary competition) ယှဉ်ပြိုင်၍ နောက်ဆုံး အဆင့်ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင် အယောက်(၂၀) ရွေးချယ်မည်ဖြစ်ကြောင်း၊ရွေးချယ်ခံရသူများသည့် The SPACE Language Academy ၏ One-day Public Speaking Training ကို တက်ရောက်ပြီး ကျရာခေါင်းစဉ်နှင့် ပတ်သက်သည့်အကြောင်းအရာကို စင်ပေါ်တွင်(၅)မိနှစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ပထမဆု ငွေကျပ်(၁၀)သိန်း၊ဒုတိယဆု ငွေကျပ်(၅)သိန်း၊တတိယဆု ငွေကျပ်(၃)သိန်း၊အပြင် အမှတ် အများဆုံးရ(၅)ဦးကို The SPACE တွင် မည်သည့်အတန်းကိုမဆို သင်တန်းကြေး ၁၀၀% သက်သာခွင့် ရာသက်ပန်၊ဇကာတင် ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်အားလုံးကို The SPACE တွင် မည်သည့်အတန်းမဆို သင်တန်းကြေး ၅၀% သက်သာခွင့် ရာသက်ပန် ရရှိမည်ဖြစ်ကြောင်း သိရသည်။ UK

Saturday, February 16, 2019
ဦးကိုနီနှင့် ကိုနေဝင်း တို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ကြည်လင်းပါ လေးဦး အား မသေမချင်းကြိုးမိန့်၊သေဒဏ် နှင့်ထောင်ဒဏ်များချ
ရန်ကုန်၊ဖေဖော်ဝါရီ-၁၅
တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အဌားယာဉ်မောင်း ကိုနေဝင်း တို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ကြည်လင်းပါ လေးဦးအား ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင်တရားရုံး မှ ဖေဖော်ဝါရီ ၁၅ ရက်က မသေမချင်း ကြိုးမိန့်၊ သေဏ်နှင့် ထောင်ဒဏ်များ အမိန့်ချ ခဲ့ကြောင်း သိရသည်။
အဆိုပါအမှုသည့် ၂၀၁၇ခုနှစ်၊ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်(မင်္ဂလာဒုံ)တွင် ဦးကိုနီ ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ထွက်ပြေးစဉ် ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သည့် အဌားယာဉ်မောင်း ကိုနေဝင်း အား သေနတ်ဖြင့် ဆက်လက်ပစ်သတ်ခဲ့သူ ကြည်လင်း၊ ပူပေါင်းဆောင်ရွက်သူ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့်အောင်ဝင်းထွန်း တို့အား အမိန့်ချခဲ့ခြင်းဖြစ်သည်။
ယင်းအမှုအား ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးသို့ ၂၀၁၇ခုနှစ်၊မတ်လ၊၃ ရက်၌ တရားစွဲဆို ခဲ့ပြီး ရာဇသတ်ကြီး အမှုအမှတ် ၄၅/၂၀၁၇-လူသတ်မှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ(၇၂)ဦး၊ ပြန်ခေါ်သက်သေ(၈၈)ဦး၊ တရားခံ (၄)ဦး၊ တရားခံပြသက်သေ(၃၈)ဦး၊ စုစုပေါင်းသက်သေ (၂၀၄)ဦးနှင့် ရာဇသတ်ကြီး အမှုအမှတ် ၄၆/၂၀၁၇-လက်နက်မှုဖြင့် တရားလိုပြသက်သေ(၇)ဦး၊ ပြန်ခေါ်သက်သေ(၃)ဦး၊ တရားခံ(၁)ဦး၊ တရားခံပြသက်သေ(၂)ဦး၊ စုစုပေါင်းသက်သေ(၁၃)ဦးတို့အား (၂)နှစ်ကျော်ကြာ အထူးခုံရုံးအနေဖြင့် အစပိုင်းတွင် တစ်ပတ် တစ်ကြိမ်၊နောက်ပိုင်းတွင် တစ်ပတ် နှစ်ကြိမ်၊အပတ်စဉ် ပုံမှန် မပျက်မကွက် စစ်ဆေးခဲ့သည်။
အမိန့်တွင် ကြည်လင်း ကို( ဦးကိုနီအားသေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းကြောင့်)မသေမချင်းကြိုးမိန့်နှင့်တာဝန်သိ အဌားယာဉ်မောင်း ကိုနေဝင်း ကို(သတ်မှုဖြင့်)ထောင်ဒဏ်(၂၀)နှစ်၊ပူးပေါင်းဆောင်ရွက်သူ အောင်ဝင်းဇော် ကို သေဒဏ်၊ဇေယျာဖြိုး ကို(စာရွက်စာတမ်း မီးရှို့ မှုဖြင့်)ထောင်ဒဏ်(၅)နှစ်၊အောင်ဝင်းထွန်း ကို(တရားခံလွတ်မြောက်အောင်အားပေးမှုဖြင့်) ထောင်ဒဏ်(၃)နှစ် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။ UK

မဟာဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
ရန်ကုန်၊ဖေဖေါ်ဝါရီ-၁၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၏ (၅၉)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနား ကို ဖေဖေါ်ဝါရီ-၁၅ ရက်က ကျင်းပခဲ့ပြီး နေလည် ၂ နာရီ ၌ ဆွမ်းဆန်စိမ်းလောင်းလှုခဲ့ကြောင်း သိရသည်။ (-UK-)
ယာဉ်စစ်ဝန်ထမ်း အယောင်ဆောင်၊ယာဉ်မှန်/မမှန် ပြင်ပတွင်စစ်ဆေးပေးနေသူ နှစ်ဦး အား၊ဌာနမှ အသွင်ယူဖမ်းဆီးရမိ
ရန်ကုန်၊ဖေဖော်ဝါရီ-၁၁
ယာဉ်မှန်/မမှန်စစ်ဆေးခြင်းအား Online Booking ရယူခြင်းမရှိဘဲ ရုံးပြင်ပတွင်စစ်ဆေးပေးနေကြောင်း သတင်းရရှိရာ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး(ရန်ကုန်)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်သည့် ဝန်ထမ်းများ၊သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယာဉ်မှန်/မမှန် စစ်ဆေးပေးသည် ဆိုသူ၏ ဖုန်းနံပါတ်အား အသွင်ယူ ဆက်သွယ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်၊နေ့လည် ၁ နာရီ မိနစ် ၄၀ ခန့်က ယာဉ်စစ် ဝန်ထမ်းအယောင်ဆောင် စစ်ဆေးပေးသူ(၂)ဦးအား လက်ရ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ရုံးပြင်ပ ယာဉ်မှန်/မမှန် စစ်ဆေးပေးသူ ဖုန်းနံပါတ်အား အသွင်ယူဆက်သွယ်ပြီး ချိန်းဆိုသည့် မြင်သာလိုင်စင်ရုံးအနီး၊စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်သို့ နေ့လည် ၁၁ နာရီခွဲတွင် ပူးပေါင်းအဖွဲ့ သွားရောက်ရာ အဆိုပါဖုန်းနံပါတ်ကိုင်ဆောင်သူ ပြည့်ဖြိုးအောင်(ခ)ပြည့်ဖြိုး၊ အသက်(၂၃)နှစ်၊ (ဘ)ဦးရွှေဝင်း၊ မ/၃၂၆၊သခင်ဖိုးလှကြီးလမ်း၊ (၇)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ တွေ့ဆုံခဲ့ပြီး ယာဉ်မှတ်ပုံတင်စာအုပ်နှင့် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်များအား မှတ်တမ်းစိစစ်နေဆဲ ဖြစ်ကြောင်း၊ ဆက်လက်၍ ယာဉ်စစ်ဆေးရန် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ အောင်ချမ်းသာလမ်းထိပ်ရှိ ဝပ်ရှော့တွင် ယာဉ်စစ်ဆေးပေးသူ ဦးအောင်ကျော်ဦး၊ အသက်(၅၃)နှစ်၊ (ဘ)ဦးစိုးသိန်း၊ မ/၅၄၊ ကျန်စစ်သားလမ်း၊ (၁၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် (ဝန်ထမ်းမဟုတ်သူ)နှင့်ဆက်သွယ်ပေးသူ ပြည့်ဖြိုးအောင် တို့နှစ်ဦး အားပူးပေါင်းအဖွဲ့မှ သက်သေများ ရှေ့တွင် ဖမ်းဆီးရမိခဲ့သည်။
ယင်းဖမ်းဆီးရမိသူများအား စစ်ဆေးရာ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊လေးထောင့်ကန် ရပ်ကွက်၌ ယာဉ်(၃)စီးအား စစ်ဆေးပေးခဲ့ကြောင်းနှင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်မှန်/မမှန်စစ်ဆေးခြင်းနှင့် ပတ်သက်၍ Online Booking System ကျင့်သုံးသည့် ရုံးများအတွက် Online Booking ရယူပြီး ဆောင်ရွက်ရန်နှင့် Online Booking မရှိသောရုံးများ အတွက် သက်ဆိုင်ရာ ရုံးဦးစီးမှူးများထံ ခွင့်ပြုချက်ရယူပြီး ရုံးဝင်းအတွင်း ယာဉ်စစ်ဆေးနိုင်ကြောင်း အသိပေးထားကြောင်း သိရသည်။
KK
Huawei Nova 4 အား ဖောဖော်ဝါရီလ (၁၄) ရက်နေ့တွင် စတင်မိတ်ဆက်မည်...
ရန်ကုန်၊ဖေဖော်ဝါရီ-၅
Huawei Nova 4 စမတ်ဖုန်းသစ်ကို Huawei Consmer Business Group မှ ဖေဖော်ဝါရီ ၁၄ ရက်တွင် မိတ်ဆက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Nova 4 ကို ဖေဖော်ဝါရီ ၁၃ ရက်မတိုင်မီ ၈၅၉၀၀၀ကျပ်ဖြင့် ကြိုတင်မှာယူနိုင်ပြီး၊ခရမ်းပြာ နှင့် အနက် အရောင် နှစ်မျိုးထွက်ရှိမည်ဖြစ်ကြောင်း၊ကြိုတင်မှာယူ သူများအတွက် လက်ဆောင်ပစ္စည်းများ လည်းပေးသွားမည်ဖြစ်သည်။
ဝယ်ယူသူများအတွက် Huawei GT Watch လက်ဆောင်ပေးမည်ဖြစ်ကြောင်း Huawei မှသိရသည်။
(-KK-)
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်ထား
ရန်ကုန်၊ ဇန်နဝါရီ-၂၄
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)မှ Online Booking System ကျင့်သုံးခဲ့ရာ ၆၀ ရာခိုင်နှုန်း သာလာရောက်ဆောင်ရွက်ပြီး ကျန် ၄၀ ရာခိုင်နှုန်း မှာလာရောက်ဆောင်ရွက်ခြင်းမရှိဘဲ ရက်ချိန်းယူထားသဖြင့် အမှန်တစ်ကယ်လုပ်ငန်း ဆောင်ရွက်လိုသူများအတွက် နစ်နာမှုများရှိခဲ့ကြောင်း၊မသမာသူ လူတစ်စု ကမမှန်မကန်ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ယာဉ်အမှတ်များအား ကြိုတင်စာရင်းသွင်း(Booking)ရယူပြီး ခွင့်ပြုယာဉ် အစီးရေ ပြည့်မီသွားချိန်တွင် အမှန်တစ်ကယ် ယာဉ်စစ်ဆေးလိုသော ယာဉ်ပိုင်ရှင်များထံမှ အခကြေးငွေတောင်းခံရယူပြီး မသမာသူများမှသူတို့ကြိုတင်ရယူထားသည့် ယာဉ်အမှတ်အား ပယ်ဖျက်ကာ အမှန်တစ်ကယ် ယာဉ်စစ်ဆေးလိုသည့် ယာဉ်အမှတ်ကို အစားထိုးပြောင်းလဲရက်ချိန်းရယူပေးနေကြောင်း သိရသည်။
ထို့ကြောင့် ဇန်နဝါရီ ၂၃ ရက်နေ့မှ စ၍ ရက်ချိန်း ပယ်ဖျက်ခြင်း Online လုပ်ငန်းကို ဖျက်သိမ်းလိုက်ကြောင်း၊ရက်ချိန်းရယူပြီးပါက ရက်ချိန်းကိုပြန်လည်ပယ်ဖျက်နိုင်မည် မဟုတ်ဘဲ ပျက်ကွက်ပါက၊ပျက်ကွက်ရာမှ (၂)လအတွင်း နောက်ထပ်ရက် မရယူနိုင်အောင် ပိတ်တား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း(ကညန၊နေပြည်တော်) မှ အသိပေး သတင်းထုတ်ပြန်ထားကြောင်း သိရသည်။ UK
Subscribe to:
Posts (Atom)
စိုင်းစိုင်းအကြိုက်ဆုံး ဆံပင်ပုံစံ အဖြေမှန်သူ ကံထူးရှင်ရွေးချယ်
ရန်ကုန်၊ ဖေဖော်ဝါရီ-၁၆ စိုင်းစိုင်းအကြိုက်ဆုံး ဆံပင်ပုံစံက ဘယ်ပုံစံဖြစ်မလဲ အဖြေမှန်သူကံထူးရှင်ရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်၊ညနေက Juncti...
-
ရန်ကုန်၊ ဇန်နဝါရီ-၂၄ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)မှ Online Booking System ကျင့်သုံးခဲ့ရာ ၆၀ ...
-
ယာဉ်စစ်ဝန်ထမ်း အယောင်ဆောင်၊ယာဉ်မှန်/မမှန် ပြင်ပတွင်စစ်ဆေးပေးနေသူ နှစ်ဦး အား၊ဌာနမှ အသွင်ယူဖမ်းဆီးရမိရန်ကုန်၊ဖေဖော်ဝါရီ-၁၁ ယာဉ်မှန်/မမှန်စစ်ဆေးခြင်းအား Online Booking ရယူခြင်းမရှိဘဲ ရုံးပြင်ပတွင်စစ်ဆေးပေးနေကြောင...
-
ရန်ကုန်၊ဖေဖော်ဝါရီ-၁၅ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အဌားယာဉ်မောင်း ကိုနေဝင်း တို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ကြည်လင်းပါ လေးဦးအား ရ...