Sunday, February 17, 2019

The SPACE Language Academy (၂)နှစ်ပြည့် အင်္ဂလိပ်ဘာသာ ကျပန်းစကားပြောပြိုင်ပွဲနှင့် Diamond Member Card ချီးမြှင့်ပွဲကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၆

လူငယ်များ အင်္ဂလိပ်ဘာသာစကား အသုံးပြု၍ လူအများရှေ့၌ ရဲရဲဝံ့ဝံ စကားပြောဆိုနိုင်အောင် လေ့ကျင့်ပျိုးထောင်ပေးရန် ရည်သန်ပြီး The SPACE Language Academy (၂)နှစ်ပြည့် အထိမ်းအမှတ် အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲ(Impromptu talk competition) နှင့် Diamond Member Card ချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် နိုင်ငံသားဖြစ်ပြီး အသက်(၁၆)နှစ်အထက်၊အသက်(၂၅)နှစ် မပြည့်သေးသူဖြစ်ရမည်ဖြစ်ကြောင်း၊The SPACE မှ စစ်ဆေးသည့် ဘာသာစကား၊ရေးဖြေစာမေးပွဲ တို့ကို အောင်မြင်ပြီး၊ အကြိုကျပန်းစကားပြောပြိုင်ပွဲ(Preliminary competition) ယှဉ်ပြိုင်၍ နောက်ဆုံး အဆင့်ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင် အယောက်(၂၀) ရွေးချယ်မည်ဖြစ်ကြောင်း၊ရွေးချယ်ခံရသူများသည့် The SPACE Language Academy ၏ One-day Public Speaking Training ကို တက်ရောက်ပြီး ကျရာခေါင်းစဉ်နှင့် ပတ်သက်သည့်အကြောင်းအရာကို စင်ပေါ်တွင်(၅)မိနှစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ပထမဆု ငွေကျပ်(၁၀)သိန်း၊ဒုတိယဆု ငွေကျပ်(၅)သိန်း၊တတိယဆု ငွေကျပ်(၃)သိန်း၊အပြင် အမှတ် အများဆုံးရ(၅)ဦးကို The SPACE တွင် မည်သည့်အတန်းကိုမဆို သင်တန်းကြေး ၁၀၀% သက်သာခွင့် ရာသက်ပန်၊ဇကာတင် ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်အားလုံးကို The SPACE တွင် မည်သည့်အတန်းမဆို သင်တန်းကြေး ၅၀% သက်သာခွင့် ရာသက်ပန် ရရှိမည်ဖြစ်ကြောင်း သိရသည်။                                  UK

No comments:

Post a Comment

စိုင်းစိုင်းအကြိုက်ဆုံး ဆံပင်ပုံစံ အဖြေမှန်သူ ကံထူးရှင်ရွေးချယ်

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၆ စိုင်းစိုင်းအကြိုက်ဆုံး ဆံပင်ပုံစံက ဘယ်ပုံစံဖြစ်မလဲ အဖြေမှန်သူကံထူးရှင်ရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်၊ညနေက Juncti...