Saturday, February 16, 2019

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်ထား


ရန်ကုန်၊ ဇန်နဝါရီ-၂၄
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)မှ Online Booking System ကျင့်သုံးခဲ့ရာ ၆၀ ရာခိုင်နှုန်း သာလာရောက်ဆောင်ရွက်ပြီး ကျန် ၄၀ ရာခိုင်နှုန်း မှာလာရောက်ဆောင်ရွက်ခြင်းမရှိဘဲ ရက်ချိန်းယူထားသဖြင့် အမှန်တစ်ကယ်လုပ်ငန်း ဆောင်ရွက်လိုသူများအတွက် နစ်နာမှုများရှိခဲ့ကြောင်း၊မသမာသူ လူတစ်စု ကမမှန်မကန်ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ယာဉ်အမှတ်များအား ကြိုတင်စာရင်းသွင်း(Booking)ရယူပြီး ခွင့်ပြုယာဉ် အစီးရေ ပြည့်မီသွားချိန်တွင် အမှန်တစ်ကယ် ယာဉ်စစ်ဆေးလိုသော ယာဉ်ပိုင်ရှင်များထံမှ အခကြေးငွေတောင်းခံရယူပြီး မသမာသူများမှသူတို့ကြိုတင်ရယူထားသည့် ယာဉ်အမှတ်အား ပယ်ဖျက်ကာ အမှန်တစ်ကယ် ယာဉ်စစ်ဆေးလိုသည့် ယာဉ်အမှတ်ကို အစားထိုးပြောင်းလဲရက်ချိန်းရယူပေးနေကြောင်း သိရသည်။
ထို့ကြောင့် ဇန်နဝါရီ ၂၃ ရက်နေ့မှ စ၍ ရက်ချိန်း ပယ်ဖျက်ခြင်း Online လုပ်ငန်းကို ဖျက်သိမ်းလိုက်ကြောင်း၊ရက်ချိန်းရယူပြီးပါက ရက်ချိန်းကိုပြန်လည်ပယ်ဖျက်နိုင်မည် မဟုတ်ဘဲ ပျက်ကွက်ပါက၊ပျက်ကွက်ရာမှ (၂)လအတွင်း နောက်ထပ်ရက် မရယူနိုင်အောင် ပိတ်တား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း(ကညန၊နေပြည်တော်) မှ အသိပေး သတင်းထုတ်ပြန်ထားကြောင်း သိရသည်။ UK

No comments:

Post a Comment

စိုင်းစိုင်းအကြိုက်ဆုံး ဆံပင်ပုံစံ အဖြေမှန်သူ ကံထူးရှင်ရွေးချယ်

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၆ စိုင်းစိုင်းအကြိုက်ဆုံး ဆံပင်ပုံစံက ဘယ်ပုံစံဖြစ်မလဲ အဖြေမှန်သူကံထူးရှင်ရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်၊ညနေက Juncti...