Saturday, February 16, 2019
ယာဉ်စစ်ဝန်ထမ်း အယောင်ဆောင်၊ယာဉ်မှန်/မမှန် ပြင်ပတွင်စစ်ဆေးပေးနေသူ နှစ်ဦး အား၊ဌာနမှ အသွင်ယူဖမ်းဆီးရမိ
ရန်ကုန်၊ဖေဖော်ဝါရီ-၁၁
ယာဉ်မှန်/မမှန်စစ်ဆေးခြင်းအား Online Booking ရယူခြင်းမရှိဘဲ ရုံးပြင်ပတွင်စစ်ဆေးပေးနေကြောင်း သတင်းရရှိရာ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး(ရန်ကုန်)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်သည့် ဝန်ထမ်းများ၊သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယာဉ်မှန်/မမှန် စစ်ဆေးပေးသည် ဆိုသူ၏ ဖုန်းနံပါတ်အား အသွင်ယူ ဆက်သွယ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်၊နေ့လည် ၁ နာရီ မိနစ် ၄၀ ခန့်က ယာဉ်စစ် ဝန်ထမ်းအယောင်ဆောင် စစ်ဆေးပေးသူ(၂)ဦးအား လက်ရ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ရုံးပြင်ပ ယာဉ်မှန်/မမှန် စစ်ဆေးပေးသူ ဖုန်းနံပါတ်အား အသွင်ယူဆက်သွယ်ပြီး ချိန်းဆိုသည့် မြင်သာလိုင်စင်ရုံးအနီး၊စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်သို့ နေ့လည် ၁၁ နာရီခွဲတွင် ပူးပေါင်းအဖွဲ့ သွားရောက်ရာ အဆိုပါဖုန်းနံပါတ်ကိုင်ဆောင်သူ ပြည့်ဖြိုးအောင်(ခ)ပြည့်ဖြိုး၊ အသက်(၂၃)နှစ်၊ (ဘ)ဦးရွှေဝင်း၊ မ/၃၂၆၊သခင်ဖိုးလှကြီးလမ်း၊ (၇)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ တွေ့ဆုံခဲ့ပြီး ယာဉ်မှတ်ပုံတင်စာအုပ်နှင့် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်များအား မှတ်တမ်းစိစစ်နေဆဲ ဖြစ်ကြောင်း၊ ဆက်လက်၍ ယာဉ်စစ်ဆေးရန် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ အောင်ချမ်းသာလမ်းထိပ်ရှိ ဝပ်ရှော့တွင် ယာဉ်စစ်ဆေးပေးသူ ဦးအောင်ကျော်ဦး၊ အသက်(၅၃)နှစ်၊ (ဘ)ဦးစိုးသိန်း၊ မ/၅၄၊ ကျန်စစ်သားလမ်း၊ (၁၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် (ဝန်ထမ်းမဟုတ်သူ)နှင့်ဆက်သွယ်ပေးသူ ပြည့်ဖြိုးအောင် တို့နှစ်ဦး အားပူးပေါင်းအဖွဲ့မှ သက်သေများ ရှေ့တွင် ဖမ်းဆီးရမိခဲ့သည်။
ယင်းဖမ်းဆီးရမိသူများအား စစ်ဆေးရာ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊လေးထောင့်ကန် ရပ်ကွက်၌ ယာဉ်(၃)စီးအား စစ်ဆေးပေးခဲ့ကြောင်းနှင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်မှန်/မမှန်စစ်ဆေးခြင်းနှင့် ပတ်သက်၍ Online Booking System ကျင့်သုံးသည့် ရုံးများအတွက် Online Booking ရယူပြီး ဆောင်ရွက်ရန်နှင့် Online Booking မရှိသောရုံးများ အတွက် သက်ဆိုင်ရာ ရုံးဦးစီးမှူးများထံ ခွင့်ပြုချက်ရယူပြီး ရုံးဝင်းအတွင်း ယာဉ်စစ်ဆေးနိုင်ကြောင်း အသိပေးထားကြောင်း သိရသည်။
KK
Subscribe to:
Post Comments (Atom)
စိုင်းစိုင်းအကြိုက်ဆုံး ဆံပင်ပုံစံ အဖြေမှန်သူ ကံထူးရှင်ရွေးချယ်
ရန်ကုန်၊ ဖေဖော်ဝါရီ-၁၆ စိုင်းစိုင်းအကြိုက်ဆုံး ဆံပင်ပုံစံက ဘယ်ပုံစံဖြစ်မလဲ အဖြေမှန်သူကံထူးရှင်ရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်၊ညနေက Juncti...
-
ရန်ကုန်၊ ဇန်နဝါရီ-၂၄ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)မှ Online Booking System ကျင့်သုံးခဲ့ရာ ၆၀ ...
-
ယာဉ်စစ်ဝန်ထမ်း အယောင်ဆောင်၊ယာဉ်မှန်/မမှန် ပြင်ပတွင်စစ်ဆေးပေးနေသူ နှစ်ဦး အား၊ဌာနမှ အသွင်ယူဖမ်းဆီးရမိရန်ကုန်၊ဖေဖော်ဝါရီ-၁၁ ယာဉ်မှန်/မမှန်စစ်ဆေးခြင်းအား Online Booking ရယူခြင်းမရှိဘဲ ရုံးပြင်ပတွင်စစ်ဆေးပေးနေကြောင...
-
ရန်ကုန်၊ဖေဖော်ဝါရီ-၁၅ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အဌားယာဉ်မောင်း ကိုနေဝင်း တို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ကြည်လင်းပါ လေးဦးအား ရ...
No comments:
Post a Comment