Saturday, February 16, 2019

ဦးကိုနီနှင့် ကိုနေဝင်း တို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ကြည်လင်းပါ လေးဦး အား မသေမချင်းကြိုးမိန့်၊သေဒဏ် နှင့်ထောင်ဒဏ်များချ

ရန်ကုန်၊ဖေဖော်ဝါရီ-၁၅
တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အဌားယာဉ်မောင်း ကိုနေဝင်း တို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ကြည်လင်းပါ လေးဦးအား ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင်တရားရုံး မှ ဖေဖော်ဝါရီ ၁၅ ရက်က မသေမချင်း ကြိုးမိန့်၊ သေဏ်နှင့် ထောင်ဒဏ်များ အမိန့်ချ ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုသည့် ၂၀၁၇ခုနှစ်၊ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်(မင်္ဂလာဒုံ)တွင် ဦးကိုနီ ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ထွက်ပြေးစဉ် ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သည့် အဌားယာဉ်မောင်း ကိုနေဝင်း အား သေနတ်ဖြင့် ဆက်လက်ပစ်သတ်ခဲ့သူ ကြည်လင်း၊ ပူပေါင်းဆောင်ရွက်သူ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့်အောင်ဝင်းထွန်း တို့အား အမိန့်ချခဲ့ခြင်းဖြစ်သည်။
ယင်းအမှုအား ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးသို့ ၂၀၁၇ခုနှစ်၊မတ်လ၊၃ ရက်၌ တရားစွဲဆို ခဲ့ပြီး ရာဇသတ်ကြီး အမှုအမှတ် ၄၅/၂၀၁၇-လူသတ်မှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ(၇၂)ဦး၊ ပြန်ခေါ်သက်သေ(၈၈)ဦး၊ တရားခံ (၄)ဦး၊ တရားခံပြသက်သေ(၃၈)ဦး၊ စုစုပေါင်းသက်သေ (၂၀၄)ဦးနှင့် ရာဇသတ်ကြီး အမှုအမှတ် ၄၆/၂၀၁၇-လက်နက်မှုဖြင့် တရားလိုပြသက်သေ(၇)ဦး၊ ပြန်ခေါ်သက်သေ(၃)ဦး၊ တရားခံ(၁)ဦး၊ တရားခံပြသက်သေ(၂)ဦး၊ စုစုပေါင်းသက်သေ(၁၃)ဦးတို့အား (၂)နှစ်ကျော်ကြာ အထူးခုံရုံးအနေဖြင့် အစပိုင်းတွင် တစ်ပတ် တစ်ကြိမ်၊နောက်ပိုင်းတွင် တစ်ပတ် နှစ်ကြိမ်၊အပတ်စဉ် ပုံမှန် မပျက်မကွက် စစ်ဆေးခဲ့သည်။


အမိန့်တွင် ကြည်လင်း ကို( ဦးကိုနီအားသေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းကြောင့်)မသေမချင်းကြိုးမိန့်နှင့်တာဝန်သိ အဌားယာဉ်မောင်း ကိုနေဝင်း ကို(သတ်မှုဖြင့်)ထောင်ဒဏ်(၂၀)နှစ်၊ပူးပေါင်းဆောင်ရွက်သူ အောင်ဝင်းဇော် ကို သေဒဏ်၊ဇေယျာဖြိုး ကို(စာရွက်စာတမ်း မီးရှို့ မှုဖြင့်)ထောင်ဒဏ်(၅)နှစ်၊အောင်ဝင်းထွန်း ကို(တရားခံလွတ်မြောက်အောင်အားပေးမှုဖြင့်) ထောင်ဒဏ်(၃)နှစ် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။ UK

No comments:

Post a Comment

စိုင်းစိုင်းအကြိုက်ဆုံး ဆံပင်ပုံစံ အဖြေမှန်သူ ကံထူးရှင်ရွေးချယ်

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၆ စိုင်းစိုင်းအကြိုက်ဆုံး ဆံပင်ပုံစံက ဘယ်ပုံစံဖြစ်မလဲ အဖြေမှန်သူကံထူးရှင်ရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်၊ညနေက Juncti...